
မိမိရဲ့အနာဂတ်ထက်စာရင် အသင်းရဲ့အဆင့်ရပ်တည်မှုအပေါ် ပိုပြီးစိုးရိမ်မိကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်က ကစားသွားတဲ့ စပါးနဲ့ပွဲစဉ်မှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၂ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
ပွဲစဉ် ၂၅ အပြီးမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ခဲ့တာက အသင်းသမိုင်းတလျှောက် ၁၉၇၃-၇၄ ရာသီ နောက်ပိုင်း ရှုံးပွဲအများဆုံး မှတ်တမ်းဝင်ခဲ့တာပါ။
နည်းပြအာမိုရင်ကတော့ မိမိရဲ့အနာဂတ်အတွက်ထက်စာရင် အသင်းရဲ့အဆင့်ရပ်တည်မှု အခြေအနေက ပိုပြီးစိုးရိမ်စရာကောင်းကြောင်း၊ အခက်အခဲနဲ့ ပြဿနာတွေ များစွာရှိနေပေမဲ့ ရှေ့လာမယ့်ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်ပြီး ရလဒ်ကောင်းပြန်ရဖို့ ယုံကြည်ထားကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။