
ကာရစ်ဘီယံဇုန်က ဟေတီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပေမဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့် ဆုံးရှုံးဖို့ရှိပါတယ်။
ကမ္ဘာ့အဆင့် ၈၄ မှာရှိတဲ့ ဟေတီအသင်းဟာ နိုဝင်ဘာ ၂၀ ရက်က ကစားခဲ့တဲ့ ကွန်ကာကပ်ဖ်ဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲမှာ နီကာရာဂွါကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ဟေတီဟာ ဟွန်ဒူးရပ်စ်နဲ့ ကော်စတာရီကာလို အသင်းတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားဝင်ခွင့် ၂ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ခရီးသွားလာခွင့် ပိတ်ပင်တဲ့ နိုင်ငံ ၁၂ နိုင်ငံ စာရင်းမှာ ဟေတီနိုင်ငံလည်း ပါဝင်နေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေအနေနဲ့ ကိုယ်တိုင် ကိုယ်ကျ လာရောက်ကြည့်ရှုခွင့် ဆုံးရှုံးဖို့ ရှိနေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ ပူးတွဲအိမ်ရှင် အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံအားလုံးကို ကြိုဆိုမှာဖြစ်လို့ ဘယ်သူမဆို လွတ်လပ်စွာ လာရောက်ကြည့်ရှုနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
Photo:Reuters


