
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၂ ပွဲမှာ ၅ ဂိုးသွင်းယူပြီး သူရဲကောင်းတယောက်လို ဖြစ်ခဲ့ပြီးနောက် အိမ်မပျော်နိုင်ခဲ့ကြောင်း အိုင်ယာလန်တိုက်စစ်မှူး ထရိုင်းပဲရတ်က ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူးဟာ ဟော်လန်ကလပ် အယ်လ်ခမာအသင်းမှာ ကစားနေသူဖြစ်ပြီး ကမ္ဘာ့ဖလားအုပ်စုလက်ကျန် ၂ ပွဲမှာ အိုင်ယာလန်အတွက် ၅ ဂိုးသွင်းခဲ့ပြီး ခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်ဆီ တက်လှမ်းအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
ပေါ်တူဂီနဲ့ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်းခဲ့သလို ဟန်ဂေရီနဲ့ပွဲမှာလည်း ချေပဂိုးနဲ့ အနိုင်ဂိုး ၃ ဂိုးသွင်းခဲ့တဲ့ ရုပ်သံဖိုင်ကို ဖုန်းကိုင်တဲ့အချိန်တိုင်း အကြိမ် ၅၀၀ လောက်ပြန်ကြည့်ခဲ့ပြီး ညဘက်တွေမှာလည်း အိပ်မပျော်နိုင်ခဲ့ကြောင်း ပဲရတ်က ပြောပါတယ်။
ပုံမှန်ဆိုရင် စိတ်ခံစားမှုပြင်းထန်သူ မဟုတ်ပေမဲ့ အသင်းကို ပလေးအော့ဖ်အဆင့်ဆီ ရောက်ဖို့ ကူညီပေးနိုင်ခဲ့တဲ့အပေါ် မျက်ရည်ကျတဲ့အထိ ပျော်ရွှင်ကျေနပ်မိကြောင်းလည်း ပဲရတ်က ပြောပါတယ်။
စပါးအကယ်ဒမီကနေ ပေါ်ထွက်လာသူ ပဲရတ်ဟာ အောက်တန်းလိဂ်တွေကနေတဆင့် ၂၀၂၄ ခုနှစ်မှာ အယ်လ်ခမာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၆၁ ပွဲကစားအပြီးမှာ ၃၃ ဂိုး သွင်းယူထားပါတယ်။


