
နော်ဝေအသင်းဟာ နိုဝင်ဘာ ၁၃ ရက်က ကစားခဲ့တဲ့ အက်စ်တိုးနီးယားနဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပါတယ်။
အသင်းခေါင်းဆောင် အိုဒီဂတ် မပါဝင်နိုင်ခဲ့ပေမဲ့ တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ဆိုလ်လော့နဲ့ ဟာလန်းတို့က ဒုတိယပိုင်းပွဲချိန် ၁၂ မိနစ်အတွင်းမှာ ၂ ဂိုးစီ သွင်းယူခဲ့ကြတာပါ။
အုပ်စု အိုင် မှာ နော်ဝေအသင်းက အီတလီကို ကျော်ဖြတ်ပြီး အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
၁၉၉၈ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရခဲ့ပြီးနောက် ၆ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ နော်ဝေအသင်းဟာ နှစ်ပေါင်း ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
အုပ်စုနောက်ဆုံးပွဲစဉ်မှာ အီတလီအသင်းနဲ့ အဝေးကွင်း ကစားရမှာဖြစ်ပြီး ရမှတ် ၃ မှတ်သာ ကွာဟနေပေမဲ့ ဂိုးကွာခြားချက်အရ ၁၅ ဂိုးအထိ အသာရနေတဲ့ နော်ဝေအသင်းက အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသွားခဲ့တာပါ။
အီတလီအတွက်တော့ ပလေးအော့ဖ်အဆင့်ကနေပဲ ခြေစစ်ပွဲအောင်ဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။


