
နိုဝင်ဘာ ၁၉ ရက်က ကစားခဲ့တဲ့ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေအပြီးမှာ စပိန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နဲ့ သြစတြီးယားတို့ အသီးသီး ခြေစစ်ပွဲအောင်မြင်ခဲ့ကြပါတယ်။
စပိန်အသင်းက တူရကီနဲ့ ၂ ဂိုးစီသရေကျခဲ့ပေမဲ့ ဒုတိယနေရာက တူရကီထက် ၃ မှတ်အသာနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းကလည်း ပွဲစဉ် ၇ မှာ ကာဇက်စတန်နဲ့ ၁ ဂိုးစီ သရေကျခဲ့ပေမဲ့ လက်ချင်စတိန်းနဲ့ အဆုံးအဖြတ်ပွဲစဉ်မှာတော့ ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ဆွစ်ဇာလန်ကလည်း ကိုဆိုဗိုနဲ့ တဂိုးစီသရေကျခဲ့ပေမဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ လုံလောက်ခဲ့ပါတယ်။
သြစတြီးယားအသင်းကလည်း ဘော့စနီးယားနဲ့ တဂိုးစီသရေကျခဲ့ပေမဲ့ ၂ မှတ်အသာနဲ့ အုပ်စု ပထမ နေရာကနေ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင် ခဲ့တာဖြစ်ပါတယ်။
တခြားဥရောပအသင်းတွေထဲမှာ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဟော်လန်၊ နော်ဝေ၊ ခရိုအေးရှားနဲ့ စကော့တလန်အသင်းတို့လည်း ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
အီတလီ၊ ဒိန်းမတ်တို့ အပါအဝင် ဒုတိယနေရာ ရခဲ့တဲ့ အသင်း ၁၂ သင်းက ပလေးအော့ဖ်အဆင့် ဆက်ကစားသွားရမှာ ဖြစ်ပါတယ်။
Photo:Reuters


