Home
နိုင်ငံတကာ
ပိုလန်တွင် NATO တပ်ဖွဲ့ဝင်များ ဒရုန်းတန်ပြန်စွမ်းရည် လေ့ကျင့်
DVB
·
November 19, 2025
Photo :Reuters

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က စစ်သားတွေဟာ နိုဝင်ဘာ ၁၈ ရက်မှာ ပိုလန်နိုင်ငံအတွင်း ဒရုန်းတန်ပြန်စွမ်းရည်တွေကို လေ့ကျင့်ခဲ့ကြပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ရိုမေးနီးယားက ဝန်ထမ်းတွေက ပိုလန်ရဲ့ အရှေ့တောင်ထောင့်က နိုဝါဒေဘာမြို့မှာလုပ်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ ပိုလန်နဲ့ တခြားနိုင်ငံတွေက ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။

ပိုလန်နဲ့ NATO ရဲ့ အရှေ့ဘက်ခြမ်းက တခြားနိုင်ငံတွေဟာ မကြာသေးမီလတွေအတွင်း ရုရှားဒရုန်းတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး အဲဒီထဲက ဒရုန်းတချို့ကို ပစ်ချခဲ့ရပါတယ်။

ဒါပေမဲ့ ဈေးကြီးပြီး နည်းပညာမြင့် လေကြောင်းကာကွယ်ရေးဒုံးကျည်တွေကို သုံးပြီး ဈေးပေါပေါနဲ့ ထုတ်လုပ်ထားတဲ့ ဒရုန်းတွေကို ပစ်ချရတာဟာ သိုလှောင်ပစ္စည်းတွေ လျော့နည်းသွားမှာကို စိုးရိမ်နေတဲ့ NATO နိုင်ငံတွေအတွက် အဓိကစိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

အမေရိကန်စစ်တပ် ဗိုလ်ချုပ်ကြီး ကာတစ်စ် ဒဗလျူကင်းဂ်က “ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ကတော့ အာရုံခံကိရိယာတွေနဲ့ effector နှစ်မျိုးလုံးရဲ့ ဈေးနှုန်းသက်သာတဲ့ ကိရိယာတွေကို ရှာဖွေရမှာပါ” လို့ ပြောပါတယ်။

ရွေးချယ်စရာတခုကတော့ interceptor ဒရုန်းဖြစ်ပြီး ပစ်ကပ်ထရပ်ကားမှာ တပ်ဆင်နိုင်ကာ လေဖိအားနဲ့ အလုပ်လုပ်တဲ့ လောင်ချာကိုသုံးပြီး ဒရုန်းတွေကို တားဆီးဖို့နဲ့ ဖျက်ဆီးဖို့ ရည်ရွယ်ထားပါတယ်။

ကြားဖြတ်စနစ်ဟာ ရုရှားရဲ့ ရှဟိဒ် အမျိုးအစား ဒရုန်းတစင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ ဆယ်ပုံတပုံသာ ကုန်ကျတယ်လို့ ဗိုလ်ချုပ်ကြီး ကင်းက ပြောပါတယ်။

ရှဟိဒ် ဒရုန်းတွေဟာ ယူကရိန်းမှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေရဲ့ အဓိကအစိတ်အပိုင်းလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူကရိန်း ဗိုလ်ချုပ် ဗာဒင်းမ် စခစ် ဘစ်စကီက ရုရှားဟာ အခုနှစ်မှာ ရှဟိဒ် ဒရုန်း အစင်း ၃၀,၀၀၀ အထိ ထုတ်ဖို့ စီစဉ်ထားပြီး ဈေးသက်သာပေမဲ့ ဖျက်ဆီးနိုင်စွမ်းမြင့်တဲ့ လျှောဆင်းတဲ့ ဗုံးအလုံးရေ ၁၂၀,၀၀၀ ကိုလည်း ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013