
NATO ရေငုပ်သင်္ဘောတစင်းဟာ စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဖရီးဂိတ် တိုက်သင်္ဘောတစင်းကို တော်ပီဒိုနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ ဖရီးဂိတ်သင်္ဘောက ရေထဲနစ်မြုပ်သွားတာကို နိုဝင်ဘာ ၁၅ ရက်က NATO က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ ပြသထားပါတယ်။
NATO မဟာမိတ် ပူးတွဲတပ်ဖွဲ့ ကွပ်ကဲရေးဌာန နော်ဖို့ခ်ရဲ့ လူမှုမီဒီယာမှာ ဗီဒီယိုနဲ့အတူ အဲဂျီယာ တွမ်တီဖိုက်လို့ လူသိများတဲ့ လေ့ကျင့်ခန်းဟာ လက်နက်နဲ့ ရေငုပ်သင်္ဘော ကိုယ်စားပြုတဲ့ တိုက်ခိုက်မှုစွမ်းအားကို အတည်ပြုပြီး ပြသဖို့ ပြုလုပ်ခဲ့တာဆိုတဲ့ စာသားကိုလည်း ရေးသားထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းမှာ သင်္ဘောတွေနဲ့ တပ်ဖွဲ့အင်အား အများအပြား ပါဝင်ခဲ့ပြီး အဲဒီ ဖရီးဂိတ် သင်္ဘောဟာ တပ်စစ်ဆင်ရေးက ဖယ်ထုတ်ထားတဲ့ နော်ဝေရေတပ်က သင်္ဘောအဟောင်း တစင်းဖြစ်တဲ့ KNM ထရွန်းဟိုင်းမ်သင်္ဘော ဖြစ်တယ်လို့ ဖော်ထုတ်ခဲ့ကြောင်း NATO မဟာမိတ် ပူးတွဲတပ်ဖွဲ့ ကွပ်ကဲရေးဌာန နော်ဖို့ခ်က ပြောကြားပါတယ်။
Source: Reuters


