
ထရီနီဒက်နဲ့ တိုဘက်ကိုနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်နေမှုက ကာရေဘီယံဒေသ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တယ်လို့ ဗင်နီဇွဲလား သမ္မတ မာဒူရိုက ဝေဖန်ခဲ့ပါတယ်။
ဒီလိုလေ့ကျင့်တာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဗင်နီဇွဲလားနိုင်ငံကို ခြိမ်းခြောက်ဖို့ရည်ရွယ်ချက်နဲ့ အိမ်နီးချင်းနိုင်ငံရဲ့ရေပိုင်နက်ကို အသုံးပြုတာလို့လည်း မာဒူရိုက စွပ်စွဲထားပါတယ်။
မာဒူရိုက ထရီနီဒက်နဲ့ တိုဘက်ကိုအစိုးရဟာ တာဝန်မယူတဲ့ လေ့ကျင့်မှုတွေအတွက် ထပ်ပြီး ကြေညာခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
အဲဒီစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ ဗင်နီဇွဲလားရဲ့ ဆူကရေးပြည်နယ် ကမ်းရိုးတန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရေပြင်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
“သူတို့ပိုင်တဲ့ ရေပြင်နဲ့ မြေပြင်ကို ကာရေဘီယံဒေသရဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်မှုတွေကို ထရီနီဒက်နဲ့ တိုဘက်ကိုနိုင်ငံက ပြည်သူတွေက ဆက်ပြီးသည်းခံမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ မာဒူရိုက သတိပေးထားပါတယ်။
ထရီနီဒက်နဲ့ တိုဘက်ကိုမှာ စစ်ရေးလေ့ကျင့်တာက အမေရိကန်ရဲ့ ကာရေဘီယံဒေသမှာ စစ်ဆင်ရေးအတွင်းဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ စစ်သင်္ဘောတွေ၊ ဖိုက်တာဂျက်လေယာဉ်တွေ၊ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေပါဝင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မူးယစ်ဆေးကုန်သွယ်မှုနဲ့ပတ်သက်ပြီး ပစ်မှတ်ထားတယ်လို့ ပြောဆိုထားပေမဲ့ မာဒူရိုကတော့ သူ့အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ကြိုးပမ်းချက်တခုလို့ ဆိုပါတယ်။
Source: Reuters


