Home
မြန်မာသတင်း
လှည်းကူး ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
November 19, 2025
Poto: YA

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ဇရပ်ကွင်း အုပ်ချုပ်ရေးမှုးရုံးမှာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီး အဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီက အစည်းအဝေး ပြုလုပ်နေစဥ် လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂‌ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဇရပ်ကွင်းရပ်ကွက် နေထိုင်သူတွေဆီက သိရပါတယ်။

အဆိုပါ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army (YA) က မစ်ရှင်တရပ်အနေနဲ့ အနောက်ပိုင်းခရိုင် ပကဖနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာမှာ ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့တယ်လို့ YA မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီရုံးက အုပ်ကြီးနဲ့ နောက်လိုက်တွေက ပြည်သူကို ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ မတက်ရင် ခြိမ်းခြောက်တာတွေ လုပ်တယ်။ စစ်မှုထမ်းကြေးလည်း လစဥ် မထည့်မနေရ ကောက်နေတာ အသည်းအသန်ပဲ။ ကိုယ်တိုင်လည်း လူငယ်တွေကို ပြန်ပေးဆွဲပြီး ငွေတောင်းစားတဲ့ ကိစ္စတွေလည်း လုပ်နေလို့ မစ်ရှင်တရပ်အနေနဲ့ လုပ်ဆောင်ခဲ့တာပါ။ ထိရောက်မှုရှိတယ်၊ ၂ ယောက်တော့ လက်ပစ်ဗုံးထိပြီး လွင့်ထွက်သွားတာ တွေ့ရတယ်၊ သေဖို့များတယ်။”

နိုဝင်ဘာ ၁၆ ရက်ကလည်း ရန်ကုန် မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ YUPA တပ်ဖွဲ့ရဲ့ ရဲဘော် ၂ ယောက် မစ်ရှင်မလုပ်ခင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ YUPA မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013