
ဂါဇာကမ်းမြောင်က အဝါရောင်မျဉ်းနားမှာ စစ်သားတွေ ပစ်ခတ်နေတာကို ပြထားတဲ့ ဗီဒီယိုကို အစ္စရေးစစ်တပ်က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဝါရောင်မျဉ်းဟာ အစ္စရေးတပ်တွေ ပြန်ဆုတ်ဖို့ သဘောတူထားတဲ့ နယ်နိမိတ်ပါ။ ဗီဒီယိုရဲ့ တည်နေရာနဲ့ ရက်စွဲကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိနေပေမဲ့ အစ္စရေးတပ်တွေဟာ ဂါဇာက ပါလက်စတိုင်း လူမျိုးတွေအပေါ် ဆက်လက်တိုက်ခိုက်ခဲ့ပြီး အလယ်ပိုင်း ဘူရေး ဒုက္ခသည်စခန်းမှာ အမျိုးသားတယောက်၊ နယ်မြေရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တခြား ၂ ယောက် သေဆုံးခဲ့ပါတယ်။
အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်ဖွဲ့တွေဟာ တူဘတ်စ်မြို့ တောင်ဘက်က ဖာရာဒုက္ခသည်စခန်းထဲမှာ ပါလက်စတိုင်းအမျိုးသားတယောက်ကို သတ်ခဲ့ပြီး အစ္စရေး အခြေချနေထိုင်သူတွေက နယ်မြေတလျှောက်က ပါလက်စတိုင်း လယ်သမားတွေကို ဆက်တိုက်ခိုက်ခဲ့တယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အစ္စရေးရဲ့ ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၈,၈၇၅ ယောက် သေဆုံးပြီး ၁၇၀,၆၇၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေအတွင်း အစ္စရေးနိုင်ငံထဲမှာ စုစုပေါင်း လူ ၁,၁၃၉ ယောက် သေဆုံးပြီး တခြား အယောက် ၂၀၀ လောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
Source: Reuters


