
ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တော်က လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ အောက်တိုဘာ ၂၂ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ လွှတ်တော်အပြင်ဘက်မှာ တဲကြီးတလုံး မီးလောင်နေပြီး သံသယရှိသူကို ရဲအရာရှိတွေက ဖမ်းဆီးထားပါတယ်။
ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သမ္မတ အလက်ဇန်းဒါး ဗူစစ်ကို ထောက်ခံသူတွေက အခုနှစ်မှာ ဆောက်ထားတဲ့ တဲတွေ အများအပြားထဲက တခု မီးလောင်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဘယ်သူက ဘယ်လို ပစ်ခတ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဧရိယာရဲ့ ရုပ်သံဖိုင်နဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲက လမ်းပုံစံ၊ သစ်ပင်တွေနဲ့ အဆောက်အအုံတွေက ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ ရက်စွဲကို ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
ဘဲလ်ဂရိတ်မြို့၊ ဆားဘီးယားလွှတ်တော်အပြင်ဘက်က ပစ်ခတ်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ သမ္မတ အလက်ဇန်းဒါး ဗူစစ်က ပြောပါတယ်။
“ဒါက ရှေ့နေတယောက် အနေနဲ့ ကျနော်ရဲ့ နိုင်ငံရေးအကဲဖြတ်ချက် ဖြစ်ပါတယ်။ ဒါက တခြားလူတွေနဲ့ တခြားသူတွေရဲ့ ပိုင်ဆိုင်မှုအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုပါ။ အထွေထွေအန္တရာယ်ကို ဖြစ်စေခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် ဥပဒေအရ ပြဋ္ဌာန်းချက်နဲ့ စည်းမျဉ်းစည်းကမ်း အားလုံးအတွက် အဆုံးသတ် ဆုံးဖြတ်ချက်ကို အရည်အချင်းရှိတဲ့ အစိုးရရှေ့နေရုံးက ပေးအပ်သွားမှာပါ” လို့ ဗူစစ်က ပစ်ခတ်မှုအပြီး မကြာမီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Source: Reuters


