အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးဆောင်တဲ့ ရောင်နီ Live in Buffalo ဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၊ ဘတ်ဖလိုးမြို့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့တာမှာ ရန်ပုံငွေ ဒေါ်လာ ၅၅,၀၀၀ ဝန်းကျင် ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။
ရောင်နီ Live in Buffalo ဂီတဖျော်ဖြေပွဲဟာ U.S Tour ရဲ့ ၁၁ ပွဲမြောက်ဖြစ်ပြီး တေးရေး/တေးဆို လင်းထက်၊ အဆိုတော် Mသီဟ၊ အဆိုတော် ခင်စုစုနိုင်၊ သရုပ်ဆောင် ခါရာနဲ့ ပန်းချီဆရာမ နုယဉ်တို့ ပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။
ရောင်နီပွဲတွေရဲ့ အစီအစဉ်အတိုင်း Buffalo ပွဲမှာလည်း ရန်ပုံငွေတွေကို မြေပြင်ကို ပို့ဆောင်ခွဲဝေတာ၊ အကောင်အထည်ဖော်ဆောင်နေတာတွေကို ပွဲမစခင်မှာ အဆိုတော် လင်းလင်းက Slide Show နဲ့ ရှင်းလင်းပြောဆိုခဲ့ပြီး Zoom Meeting နဲ့ မြေပြင်က တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
သုတချမ်းသာ




















