အဆိုတော်လင်းလင်း ဦးဆောင်တဲ့ ရောင်နီ Live in Fort Wayne ဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တာမှာ ရန်ပုံငွေ ဒေါ်လာ ၄၉,၀၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။
ရောင်နီ Live in Fort Wayne ဂီတဖျော်ဖြေပွဲဟာ U.S Tour ရဲ့ ၁၀ ပွဲမြောက်ဖြစ်ပြီး အဆိုတော်လင်းလင်းနဲ့အတူ တေးရေး/တေးဆို လင်းထက်၊ သရုပ်ဆောင် ခါရာ နဲ့ ပန်းချီဆရာမ နုယဉ်တို့ လည်း ပူးပေါင်းဖျော်ဖြေခဲ့ပါတယ်။
ရောင်နီပွဲတွေရဲ့ အစီအစဉ်အတိုင်း Fort Wayne ပွဲမှာလည်း ရန်ပုံငွေတွေကို မြေပြင်ကို ပို့ဆောင်ခွဲဝေတာ၊ အကောင်အထည်ဖော်ဆောင်နေတာတွေကို ပွဲမစခင်မှာ အဆိုတော် လင်းလင်းက Slide Show နဲ့ ရှင်းလင်းပြောဆိုခဲ့ပြီး Zoom Meeting နဲ့ မြေပြင်က တော်လှန်ရေး ရဲဘော်ရဲဘက်တွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
နိုဝင်ဘာ 16 ရက်နေ့မှာ ရောင်နီ US Tour ရဲ့ ၁၁ ပွဲမြောက် ဖျော်ဖြေမှုကို ဘတ်ဖလိုးမြို့မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။















