
ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်မှုတွေ စံချိန်တင် မြင့်တက်လာတာကို ရင်ဆိုင်ဖို့ “ခွေးဟောင်သံပေး” နိုင်တဲ့ ဒရုန်းတွေလို နည်းပညာ ပစ္စည်းတွေကို အသုံးပြုနေပါတယ်။
ခွေးဟောင်သံ ထုတ်လွှင့်တဲ့ အသံချဲ့စက်တွေ၊ မီးရှူးမီးပန်းတွေ တပ်ဆင်ထားတဲ့ ဒီဒရုန်းတွေကို ဂီဖူခရိုင်က သစ်သီးခြံတွေမှာ စတင်စမ်းသပ်နေကြပါတယ်။
ဂျပန်နိုင်ငံမှာ ဧပြီလကစပြီး ဝက်ဝံ တိုက်ခိုက်မှုကြောင့် လူ အယောက် ၂၂၀ ဒဏ်ရာရခဲ့ပြီး ၁၃ ယောက်အထိ သေဆုံးခဲ့ပါတယ်။ ဒေသတချို့မှာဆိုရင် ဝက်ဝံတွေ့ရှိမှုနှုန်းဟာ မနှစ်ကထက် ၈ ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကျေးရွာဖြစ်တဲ့ ရှီရာကာဝါဂိုမှာ စပိန်ခရီးသွားတယောက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဂျပန်ခရီးသွားလုပ်ငန်းကိုပါ ထိခိုက်လာခဲ့ပါတယ်။
အမေရိကန်၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတို့ကလည်း သူတို့နိုင်ငံသားတွေ ဂျပန်နိုင်ငံကို ခရီးသွားလာရာမှာ ဝက်ဝံအန္တရာယ် သတိထားဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဝက်သစ်ချသီးလို သဘာဝအစားအစာ ရှားပါးမှုနဲ့ ကျေးလက်ဒေသတွေမှာ လူနေကျဲပါးလာမှုတွေကြောင့် ဝက်ဝံတွေဟာ လူနေရပ်ကွက်တွေနားကို ပိုမိုရောက်ရှိလာတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Source: Reuters


