
ယူကရိန်းအတွက် ပြင်သစ်လုပ် Rafale F4 ဂျက်တိုက်လေယာဉ် အစီး ၁၀၀ အထိ ပံ့ပိုးပေးဖို့ သမိုင်းဝင် သဘောတူညီမှုတရပ် ရရှိခဲ့ပါတယ်။
ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂ (EU) ပံ့ပိုးမှုနဲ့အတူ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို အသုံးချဖို့ စီစဉ်ထားပေမဲ့ ဒီကိစ္စဟာ အဖွဲ့ဝင် ၂၇ နိုင်ငံကြား သဘောကွဲလွဲနေဆဲ ဖြစ်ပါတယ်။
ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို တန်ပြန်ကာကွယ်နိုင်စွမ်း မြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ပါရီမြို့အနီး လေတပ်စခန်းတခုမှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး တို့ဟာ သဘောတူစာချုပ် ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ဟာ လာမယ့်နှစ်က စတင်ပြီး ၁၀ နှစ် ကြာမြင့်မှာဖြစ်ပြီး ဂျက်လေယာဉ်တွေအပြင် အင်မတန်အားကောင်းတဲ့ ပြင်သစ်ရေဒါစနစ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ် ၈ ခုလည်း ပါဝင်မှာဖြစ်ပါတယ်။
Rafale လေယာဉ်တွေ ပေးပို့မှုဟာ ၂၀၃၅ ခုနှစ်မှာ ပြီးစီးဖို့ ရည်ရွယ်ထားပြီး ကြားဖြတ်ဟန့်တားတဲ့ ဒရုန်းတွေ ပူးတွဲထုတ်လုပ်မှုကိုတော့ ဒီနှစ်မှာပဲ စတင်မှာဖြစ်ပါတယ်။
လက်ရှိမှာ ရုရှားဟာ တလကို glide bomb အလုံး ၆,၀၀၀ အထိ သုံးပြီး တိုက်ခိုက်နေတယ်လို့ ယူကရိန်းကာကွယ်ရေး လေ့လာသူတယောက်က ပြောပါတယ်။
လေ့လာသူတွေကတော့ လေယာဉ်မှူးသင်တန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စတွေ အများကြီး လိုအပ်နေဦးမယ်လို့ သုံးသပ်ထားပါတယ်။
Source: Reuters


