
နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တုပုံရိပ်တွေက ယူကရိန်းရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု မတိုင်မီနဲ့ တိုက်ခိုက်အပြီး ရုရှားရဲ့ နိုဗိုရော့စ်စီးစ်ခ် ပင်လယ်နက်ဆိပ်ကမ်းကို ပြသထားပါတယ်။
ယူကရိန်းရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ၂ ရက်ကြာ ရပ်ဆိုင်းထားပြီးတဲ့နောက် နိုဝင်ဘာ ၁၆ ရက်က ဆိပ်ကမ်းမှာ ရေနံတင်ဆောင်မှုတွေကို ပြန်စခဲ့တယ်လို့ စက်မှုလုပ်ငန်း သတင်းရင်းမြစ် ၂ ခုက ပြောခဲ့ပြီး LSEG အချက်အလက်တွေကလည်း ပြသထားပါတယ်။
ယူကရိန်းဟာ နိုဝင်ဘာ ၁၄ ရက်မှာ ရုရှားကုန်စည်တင်ပို့မှုရဲ့ အဓိကထွက်ပေါက်ဖြစ်တဲ့ ရုရှားရဲ့ ပင်လယ်နက်ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားရဲ့ အကြီးဆုံး ပင်လယ်နက် ကုန်စည်တင်ပို့မှု ဗဟိုချက်ဆိပ်ကမ်းကို တိုက်ခိုက်မှုဟာ ရုရှားရဲ့ အဓိက ပင်လယ်နက် ရေနံစိမ်းတင်ပို့မှုဆိုင်ရာ အခြေခံအဆောက်အအုံအပေါ် ဒီနေ့အထိ ယူကရိန်းရဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဒီဆိပ်ကမ်းကနေ ရေနံစိမ်းတင်ပို့မှုဟာ ရုရှားရဲ့ စုစုပေါင်းရေနံစိမ်းတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံ လောက်အထိ ရှိပါတယ်။
ရှည်လျားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ အနောက်ဆိုက်ဘေးရီးယားက ရေနံတွင်းတွေကို နစ်နာမှုကြီးကြီးနဲ့ ပိတ်ပစ်ဖို့ အတင်းအကျပ် ဖိအားပေးမှာပါ။
ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံတင်ပို့သူ ရုရှားကနေ ကမ္ဘာ့ဈေးကွက်တွေဆီ ပေးပို့တဲ့ ရေနံပမာဏကို သိသိသာသာ လျှော့ချပေးမယ့် ခြေလှမ်းတခု ဖြစ်ပါတယ်။
Source: Reuters


