
ဘုန်းမောက်ကြယ်ပွင့် ဆမ်မန်ညိုကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းပေးပြီးခေါ်ယူနိုင်တယ်လို့ သိရပါတယ်။
ဂါနာလက်ရွေးစင်တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီးမှာ ၆ ဂိုးသွင်း ၃ ကြိမ်ဂိုးဖန်တီးထားသူဖြစ်ပြီး ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းခံနေရသူပါ။
ဆမ်မန်ညိုဟာ ဘုန်းမောက်အသင်းနဲ့ ၅ နှစ် စာချုပ်သက်တမ်းတိုးခဲ့ပေမဲ့ စာချုပ်ဖျက်သိမ်ကြေး ပေါင် ၆၅ သန်း ထည့်သွင်းချုပ်ဆိုထားကြောင်း BBC သတင်းမှာ အခိုင်အမာဖော်ပြပါတယ်။
ဆမ်မန်ညိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလရဲ့ ပထမဆုံး ၂ ပတ်အတွင်းမှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
လန်ဒန်မှာမွေးခဲ့သူ ဆမ်မန်ညိုဟာ ဘရစ္စတိုးလ်စီးတီးအသင်းနဲ့ ကစားသမားဘဝစတင်ခဲ့ပြီး ဖခင်ဖြစ်သူက ဂါနာနိုင်ငံသား ဖြစ်တဲ့အတွက် ဂါနာအသင်းကို ကိုယ်စားပြုကစားနေတာ ဖြစ်ပါတယ်။
Photo:Reuters


