
လာမယ့်နှစ် ယူရိုပါကွန်းဖရင့်လိဂ် ဝင်ခွင့်အတွက် ဘရိုက်တန်၊ ဘရန့်ဖို့ဒ်နဲ့ ဘုန်းမောက်အသင်းတွေလည်း အခွင့်အရေးကိုယ်စီ ရှိနေကြပါတယ်။
အဲဒီအသင်းတွေဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ အဆင့် ၈၊ ၉ နဲ့ ၁၁ နေရာတွေမှာ ရပ်တည်နေကြတာပါ။
ဒါပေမဲ့ ယူရိုပါကွန်းဖရင့်လိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးကိုယ်စီရှိနေပြီး နောက်ဆုံးပွဲစဉ်ရလဒ်နဲ့ ချဲလ်ဆီးအသင်းရဲ့ ရလဒ်က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ယူရိုကွန်းဖရင့်လိဂ်ဖလား ရရှိပြီး လိဂ်မှာ အဆင့် ၇ နေရာ ရောက်ရှိသွားမယ်ဆိုရင် အဆင့် ၈ နေရာက အသင်းက ယူရိုကွန်းဖရင့်လိဂ် ဝင်ခွင့်ရရှိမှာပါ။
အလားတူ ချဲလ်ဆီးက ကွန်းဖရင့်လိဂ်ချန်ပီယံဖြစ်ပြီး အဆင့် ၆ မှာ ရပ်တည်ခဲ့မယ်ဆိုရင်လည်း အဆင့် ၈ နေရာက အသင်းက ကွန်းဖရင့်လိဂ် ဝင်ခွင့်ရမှာပါ။
ချဲလ်ဆီးက ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်နဲ့ ဘုန်းမောက်အသင်းတို့ ဥရောပဝင်ခွင့် ရရှိမှာမဟုတ်တော့ပါဘူး။
နောက်ဆုံးပွဲစဉ်တွေမှာ ဘရိုက်တန်က စပါး၊ ဘရန့်ဖို့ဒ်က ဝုဗ်၊ ဘုန်းမောက်က လက်စတာ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။