
မန်စီးတီးနဲ့ ၂ ဂိုးစီသရေကျခဲ့ပေမဲ့ အနိုင်ရသင့်တဲ့ပွဲစဉ်ဖြစ်ကြောင်း ဘရိုက်တန်နည်းပြ ဟာဇယ်လာက သုံးသပ်သွားပါတယ်။
ဘရိုက်တန်အသင်းဟာ မန်စီးတီးရဲ့ ဦးဆောင်ဂိုးတွေကို ၂ ကြိမ်တိုင်တိုင် ချေပနိုင်ခဲ့ပြီး အနိုင်ဂိုးရမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ ဘရိုက်တန်အသင်းက ၁၅ ကြိမ်အထိ ဂိုးပေါက်ကန်သွင်းခွင့်ရရှိခဲ့ပြီး မင်တက်၊ မီတိုမာ အစရှိတဲ့ ကစားသမားတွေရဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့တာပါ။
အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိပေမဲ့ ရလဒ်အပေါ်မှာတော့ ကျေနပ်မှုမရှိကြောင်း၊ အီတီဟတ်ကနေ နိုင်ပွဲရလဒ်နဲ့ ထွက်ခွာလာသင့်တဲ့ပွဲစဉ်ဆိုတာ သိသာထင်ရှားကြောင်း၊ ဘောလုံးမှာ ခြေစွမ်းကောင်းမွန်တိုင်း ရလဒ်မကောင်းတတ်တာက တခါတလေမှာ ဖြစ်လေ့ဖြစ်ထရှိကြောင်း ဘရိုက်တန်နည်းပြ ဟာဇယ်လာက ပြောသွားပါတယ်။