
လာမယ့်ဘောလုံးရာသီမှာ ကွင်းလယ်လူ ဒီဘရိုင်း အသင်းမှာဆက်ရှိဖို့ မသေချာကြောင်း နည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
ဒီဘရိုင်းဟာ အခုနှစ်ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ကိစ္စလည်း ဆွေးနွေးခြင်း မရှိသေးတာပါ။
ဒီလိုအခြေအနေကြောင့် လာမယ့်ရာသီမှာ ကီဗင်ဒီဘရိုင်း အသင်းမှာဆက်ရှိမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြောင်း ဂွါဒီယိုလာက ပြောခဲ့တာပါ။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို အဘက်ဘက်ကနေ တိုးတက်လာစေသူဖြစ်ပြီး အသင်းသမိုင်းတလျှောက် အကောင်းဆုံးကစားသမား ၃ ယောက်၊ ၅ ယောက် စာရင်းမှာ ထည့်သွင်းသတ်မှတ်နိုင်ကြောင်းလည်း ဂွါဒီယိုလာက ပြောပါတယ်။
မတ်လ ၂ ရက်က ကစားသွားတဲ့ ပလိုင်းမောက်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ကွင်းလယ်လူ ဒီဘရိုင်းက တဂိုးသွင်း တဂိုးဖန်တီးမှုပြုလုပ်ပြီး ခြေစွမ်းပြသခဲ့ပါတယ်။