
မန်စီးတီးကနေ ထွက်ခွါလာတဲ့အကြောင်းအရင်းကို တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်က ထုတ်ဖော် ပြောပြသွားပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ မန်စီးတီးမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီက စပိန်ကလပ် အက်သလက်တီကိုဆီ ပေါင် ၈၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
သူဟာ မန်စီးတီးနဲ့ ၂ ရာသီအတွင်းမှာ ၃၆ ဂိုးသွင်းပြီး ၁၇ ကြိမ်အထိ ဂိုးဖန်တီးမှု လုပ်ဆောင်နိုင်ခဲ့ တာပါ။
မန်စီးတီးမှာ သွင်းဂိုးတွေနဲ့ အောင်မြင်မှုဆုဖလားတွေရယူနိုင်ခဲ့လို့ ပြီးပြည့်စုံတဲ့အချိန်ဖြစ်ခဲ့ ကြောင်း၊ အသင်းကနေ ထွက်ခွါခဲ့တာက ကွဲပြားတဲ့စိန်ခေါ်မှုအသစ်တွေ လိုအပ်တာကြောင့်ဖြစ်ပြီး အက်သလက်တီကိုအသင်းက ခြေစွမ်းပိုမိုတိုးတက်လာဖို့ အကောင်းဆုံးနေရာဖြစ်ကြောင်း အယ်လ်ဗာရက်ဇ်က ပြောပါတယ်။
မန်စီးတီးမှာ ဆက်နေမယ်ဆိုရင်လည်း အဆင်ပြေပြေနဲ့ ဆက်သွားလို့ရပေမဲ့ ပိုမိုကောင်းမွန်တဲ့ ဘောလုံးသမားဖြစ်လာဖို့ အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း အယ်လ်ဗာရက်ဇ်က ပြောသွားပါတယ်။
Photo: Reuters