
မန်စီးတီးအသင်းမှာ လူငယ်ကစားသမားကောင်းတွေ ရှိတဲ့အတွက် အနာဂတ် တောက်ပနေလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
လီဗာပူးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမဲ့ လူငယ်ကစားသမားတွေ အများကြီးရှိလို့ အနာဂတ်မှာတော့ အသင်းရဲ့အခြေအနေ ကောင်းမွန်လာလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
လီဗာပူးနဲ့ပွဲမှာ ကီဗင်ဒီဘရိုင်းနဲ့ နသန်အကီတို့ကလွဲရင် လူငယ်ကစားသမားတွေက အများစု ဖြစ်တာကြောင့် အရှုံးရလဒ်တွေကနေ သင်ခန်းစာယူပြီး လာမယ့်နှစ်တွေအတွင်းမှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်လိမ့်မယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဟာလန်း၊ ဂျွန်စတုန်းစ်၊ အကန်ဂျီနဲ့ ရိုဒရီတို့လို ဝါရင့်ကစားသမားတွေ ပါဝင်နိုင်ခြင်း မရှိခဲ့တာကြောင့် ရှိတဲ့ကစားသမားစာရင်းအရဆိုရင် ကောင်းမွန်စွာ ကစားနိုင်ခဲ့ကြောင်းလည်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။