
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို စိန်ခေါ်နိုင်တဲ့အသင်းတွေရှိသေးကြောင်း မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးက ရီးရဲလ်အသင်းကို ၂ ကျော့ပေါင်းရလဒ် ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ချန်ပီယံလိဂ်ဆုဖလားအတွက် စိန်ခေါ်နိုင်တဲ့အသင်းတွေကို နည်းပြဂွါဒီယိုလာ က သုံးသပ်ခဲ့တာပါ။
မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ဆုဖလားကို အမြဲတမ်းစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုရဖို့လည်း ရေပန်းအစားဆုံးအသင်းဆိုတာမှန်ပေမဲ့ တခြားအသင်းကောင်းတွေမှာလည်း အခွင့်အရေးရှိကြောင်း ဂွါဒီယိုလာကပြောပါတယ်။
လီဗာပူးအသင်းက လက်ရှိအချိန်ထိ ပုံစံကောင်း ပြသနေသလို ဘာစီလိုနာအသင်းကလည်း အံ့အားသင့်ဖွယ် ခြေစွမ်းပြနေကြောင်း၊ မိမိသူငယ်ချင်း အင်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းလည်း ရှိနေကြောင်း နည်းပြဂွါဒီယိုလာက သုံးသပ်သွားပါတယ်။
Photo-Reuters