
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေ မဲခွဲပွဲကို လာမယ့် ဖေဖော်ဝါရီ ၂၁ ရက်မှာ ဥရောပဘောလုံး အဖွဲ့ချုပ် ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ပြုလုပ်သွားမှာပါ။
၁၆ သင်းအဆင့်အပြင် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက်ပါ တပါတည်း မဲခွဲသွားမှာပါ။
အင်္ဂလန်အသင်းတွေထဲမှာ လီဗာပူး၊ အာဆင်နယ်နဲ့ အက်စတန်ဗီလာတို့ ၁၆ သင်းအဆင့် တက်ခဲ့ပေမဲ့ မန်စီးတီးအသင်းက ပလေးအော့ဖ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
လီဗာပူးအသင်းက ပီအက်စ်ဂျီ သို့မဟုတ် ဘင်ဖီကာနဲ့ တွေ့ဆုံမှာဖြစ်ပြီး အာဆင်နယ်က ဟော်လန်ကလပ် ၂ သင်းဖြစ်တဲ့ ပီအက်စ်ဗွီ သို့မဟုတ် ဖီယင်နုနဲ့ တွေ့ဆုံမှာပါ။
အက်စတန်ဗီလာကတော့ ကလပ်ဘရုဂျ် သို့မဟုတ် ဒေါ့မွန်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ စတင်မယ့် ချန်ပီယံလိဂ် မဲခွဲပွဲပြီးတာနဲ့ ယူရိုပါလိဂ်နဲ့ ကွန်းဖရင့်လိဂ်ပွဲစဉ်တွေအတွက်လည်း မဲနှိုက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
Photo : Reuters