
ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းကို ထည့်သွင်းအသုံးမပြုခဲ့တဲ့ အပေါ် မန်စီးတီး နည်းပြဂွါဒီယိုလာက ရှင်းလင်းခဲ့ပါတယ်။
မန်စီးတီးဟာ ဒီနေ့မနက် ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်ဒုတိယအကျော့မှာ ရီးရဲလ်အသင်းကို ၃ ဂိုး ၁ဂိုးနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
အဲဒီပွဲစဉ်အတွက် ဟာလန်းကို ခေါ်ယူလာခဲ့ပေမဲ့ အရန်ခုံမှာပဲ ထားပြီး အသုံးမပြုခဲ့တဲ့အပေါ် ဂွါဒီယိုလာက ရှင်းပြခဲ့တာပါ။
ဟာလန်းဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်သလို ပွဲမတိုင်ခင်မှာလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမဲ့ ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့တာကြောင့် အသုံးမပြုခဲ့တာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်းဟာ နယူးကာဆယ်ကို ၄ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒူးဒဏ်ရာ ရခဲ့လို လူစားလဲ ခဲ့ရပါသေးတယ်။
နည်းပြဂွါဒီယိုလာဟာ ရီးရဲလ်နဲ့ပွဲစဉ်မှာ ဒီဘရိုင်းနဲ့ ဒိုကူတို့ကိုလည်း အသုံးမပြုခဲ့ဘဲ ကစားသမားသစ် ၂ ဦးဖြစ်တဲ့ မာမွတ်ရှ်နဲ့ ဂွန်ဇာ လက်ဇ်တို့ကို ပွဲထွက်အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters