
ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်ဟာ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စပိန်နာမည်ကြီးသတင်းစာ မာကာရဲ့ ဖော်ပြချက်အရ ဘရာဇီးကစားသမားဟာ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး ဆော်ဒီလိဂ် ဒုတိယဥက္ကဋ္ဌ အယ်လ်လာဇိနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြပါတယ်။
ဗင်နီဆီးယက်စ်အတွက် ပေါင်သန်း ၈၃၀ တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ်နဲ့ ခေါ်ယူမယ်လို့ မက်လုံးပေး ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
ဗင်နီဆီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးဖြစ်တာကြောင့် စိန်ခေါ်မှုအသစ်တွေအတွက် စီရော်နယ်ဒို၊ ဘင်ဇီမာတို့ ကစားနေတဲ့ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။