
ရီးရဲလ်မက်ဒရစ်တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်ဟာ အသင်းဘက်စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးကစားသမားဟာ ၂၀၂၇ ခုနှစ် မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ပါလျော်ကြေးအနေနဲ့ ယူရို ၁ ဘီလီယံအထိ သတ်မှတ် ထားတာပါ။
The Athletic သတင်းစာရဲ့ဖော်ပြချက်အရ ဗင်နီဆီးယက်စ်ဟာ အသင်းဖော် တိုက်စစ်မှူး အမ်ဘာပေရရှိနေတဲ့ လုပ်ခနဲ့ နှိုင်းယှဉ်ပြီး လုပ်ခတိုးမြှင့်ရရှိဖို့ ဆန္ဒရှိတာကြောင့် မက်ဒရစ်ရဲ့ ကနဦး ကမ်းလှမ်းချက်ကို လက်မခံခဲ့တာလိုသိရပါတယ်။
သူဟာ တစ်နှစ်လုပ်ခ ပေါင် ၁၂ သန်းခွဲရရှိနေသူပါ။ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုလည်း လက်ခံရရှိထားပေမဲ့ မက်ဒရစ်အသင်းဘက်က စာချုပ် သက်တမ်းတိုးဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
Photo: Reuters