Home
အားကစား
ဘိုင်ယန်မြူးနစ်က ဝါရင့်ဂိုးသမား နော်ယာကို ၁ နှစ်စာချုပ်သက်တမ်းတိုး
DVB
·
February 5, 2025
Photo: Reuters

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းက အသက် ၃၈ နှစ်အရွယ် ဂိုးသမား နော်ယာကို တနှစ် စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။ 

စာချုပ်သစ်ကြောင့် အသင်းခေါင်းဆောင် နော်ယာဟာ ဘိုင်ယန်မြူးနစ်မှာ လာမယ့် ၂၀၂၆ ခုနှစ် ဇွန်လမတိုင်ခင်အထိ ရှိနေမှာ ဖြစ်ပါတယ်။ 

ဂိုးသမား နော်ယာဟာ လာမယ့် မတ်လမှာ အသက် ၃၉ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်မှာ ဂျာမန်အသင်းနဲ့အတူ ၂၀၁၄ မှာ ကမ္ဘာ့ဖလား ရရှိခဲ့ပြီး စုစုပေါင်း လက်ရွေးစင် ပွဲပေါင်း ၁၂၄ ပွဲ ကစားအပြီးမှာ အနားယူခဲ့ပါတယ်။

ဂိုးသမား နော်ယာဟာ ဘိုင်ယန်မြူးနစ်ကို ၂၀၁၁ မှာ ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ ဘွန်ဒတ်စ်လီဂါချန်ပီယံဆု ၁၁ ကြိမ် ချန်ပီယံလိဂ် ၂ ကြိမ် ရဖူးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013