လီဗာပူးအသင်းဟာ တိုက်စစ်ကစားသမားမိုဆာလာကို စာချုပ်သက်တမ်းတိုးလိုက်ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။
ဆာလာဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ကြန့်ကြာခဲ့တာပါ။
ဆာလာဟာ သူဆန္ဒရှိတဲ့ အတိုင်း စာချုပ်သက်တမ်းတိုး နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်း ဘောလုံးသုံးသပ်သူ အီဂျစ်လက်ရွေးစင်ကစားသမားဟောင်း ဖာရော့ခ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တာပါ။
လီဗာပူးအသင်းဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နောက်ခံလူဗန်ဒိုက်နဲ့ အာနိုးလ်တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ The Athletic သတင်းမှာ ဖော်ပြသွားပါတယ်။