Home
အားကစား
ဟယ်ရီကိန်း၊ မူလာနှင့် ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ် စံချိန်သစ်တင်
DVB
·
September 19, 2024
Photo - Reuters

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒိုင်နမိုဇာဂရက်ကို (၉-၂) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းတဲ့ အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ၄ ဂိုးသွင်းခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ချန်ပီယံလိဂ် သွင်းဂိုး ၃၃ ဂိုးနဲ့ ရွန်းနီရဲ့ ဂိုး ၃၀ ကို ကျော်ဖြတ်နိုင်ခဲ့ပြီး အင်္ဂလန်ကစားသမားတွေအနက် ချန်ပီယံလိဂ် ဂိုးအများ ဆုံးသွင်းသူ ဖြစ်လာပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၄၅ ပွဲကစားထားပြီး ၃၃ ဂိုးသွင်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်မှာ ၄ ဂိုးသွင်းတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာသလို ချန်ပီယံလိဂ်မှာ ပထမဆုံး ပင်နယ်တီဟက်ထရစ်ရရှိခဲ့သူလည်း ဖြစ်လာပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၉ ဂိုးသွင်းနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ သူ့ကစားသမားဘဝတလျှောက် ၂၄ ကြိမ်မြောက် ဟက်ထရစ်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက “ဟယ်ရီကိန်းဟာ တက်ကြွတဲ့ကစားသမားတယောက် ဖြစ်ပြီး သူ့လို ကစားသမားမျိုးရှိတာ နည်းပြတွေအတွက် ရလဒ်ကောင်းတွေရဖို့ ပိုလွယ်ကူစေပါတယ်”လို့ ပြောပါတယ်။

ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံပွဲပေါင်း ၅၀ မှာ ၅၃ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။

ဒိုင်နမိုဇာဂရက်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်း၊ ဘိုင်ယန်မြူးနစ်အသင်းတို့လိုမျိုး ဂျာမန်တိုက်စစ်မှူး မူလာလည်း ချန်ပီယံလိဂ်မှာ အသင်းတသင်းတည်းနဲ့ ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

မူလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဘိုင်ယန်မြူးနစ်အသင်း တသင်းတည်းနဲ့ ၁၅၂ ပွဲ မြောက် ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ကစားပြီး စံချိန်တင်ခဲ့တဲ့ ဇာဗီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013