ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်ဂျူနီယာက ရရှိသွားပါတယ်။
ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုမှာ စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ဗင်နီဆီယက်စ်ဟာ ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဆုမှာတော့ ရိုဒရီကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။
ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို နိုင်ငံအသင်းနည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာပါ။
ရိုဒရီက ဒုတိယမဲအများဆုံးရခဲ့ပြီး ရီးရဲလ်အသင်းဖော် ဘယ်လင်ဂမ်က တတိယမဲ အများဆုံးရခဲ့ပါတယ်။
အကောင်းဆုံးနည်းပြဆုကိုလည်း ရီးရဲလ်နည်းပြအန်စလော့တီ၊ ဂိုးသမားဆုကို ဗီလာဂိုးသမားမာတီနက်ဇ်၊ အကောင်းဆုံးဂိုး ပွတ်ရှ်ကတ်ဆုကို အဲဗာတန်ဘက်ကို သွင်းခဲ့တဲ့ မန်ယူကစားသမား ဂါနာချိုရဲ့ သွင်းဂိုးတွေကရရှိ ပါတယ်။
ဖီဖာအကောင်းဆုံးအသင်းမှာ ပရီးမီးယားလိဂ်က ၅ ယောက် ပါဝင်ပြီး မာတီနက်ဇ်၊ ရူဘင်ဒီယက်ဇ်၊ ဆာလီဘာ၊ ရိုဒရီနဲ့ ဟာလန်းတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။