အသင်းရဲ့ရလဒ်ဆိုးတွေအတွက် ပရိသတ်တွေကို တောင်းပန်ကြောင်း ဘရာဇီးတောင်ပံ တိုက်စစ်မှူး ဗင်နီဆီးယက်စ်က ပြောသွားပါတယ်။
ဘရာဇီးအသင်းဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ရလဒ်မကောင်း ဖြစ်နေပြီး နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ၄ ပွဲရှုံး ၁ ပွဲ သရေကျခဲ့တာပါ။
လက်ရှိအချိန်ဟာ အသင်းရဲ့ အခက်အခဲဆုံးအချိန်ဖြစ်ပြီး ရလဒ်ဆိုးမှုအတွက် ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ကြောင်း ဗင်နီဆီးယက်စ်က ပြောပါတယ်။
အသင်းသားတွေအနေနဲ့ ခြေစွမ်းတိုးတက်မှုရှိဖို့ ဆန္ဒရှိကြပြီး နိုင်ပွဲရရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေ ရှာဖွေနိုင်ဖို့လိုကြောင်း ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမားက ပြောပါတယ်။
ဘရာဇီးအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၅ ရောက်ရှိနေတာပါ။ တောင်အမေရိကဇုန်မှာ အသင်း ၁၀ သင်းက စုစုပေါင်း ၁၈ ပွဲ ကစားသွားရမှာဖြစ်ပြီး ထိပ်ဆုံး ၆ သင်းအထိ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
Photo-Reuters