ဘရာဇီးနိုင်ငံမှာ စံချိန်တင် မိုးခေါင်ပြီးတဲ့နောက် အမေဇုန်မိုးသစ်တောကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်တွေမှာ ရေနည်းသွားလို့ အဲဒီနေရာမှာ နေထိုင်တဲ့ ဟိဘေးရင်ညို့စ် လူမျိုးတွေ မကြုံဘူးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
မြစ်ချောင်းတွေက သွားလာဖို့ ခက်ခဲလာပြီး ရေသုံးဖို့ အလွန်ညစ်ပတ်လာတာနဲ့အမျှ မြစ်ကမ်းပါးပေါ်မှာ နေထိုင်ကြတဲ့ မိရိုးဖလာ ကျေးလက်နေပြည်သူ အများအပြားဟာ ပြင်ပက သောက်သုံးရေကို မှီခိုအားထားနေကြရပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ရေရဖို့ လမ်းပိုလျှောက်ဖို့ လိုနေလို့ ရုန်းကန်ခဲ့ရတယ်လို့ ဒေသခံ ဖရန်စစ္စကာ ဒက်စ်ချာဂက်စက ပြောပါတယ်။
ဟိဘေးရင်ညို့စ် လူမျိုးတွေဟာ များသောအားဖြင့် မြစ်တွေက ရေကို တိုက်ရိုက်ရဖို့ ချိတ်ဆက်ထားတဲ့စနစ်တွေ ရှိပါတယ်။
ဒါပေမဲ့ ရေမျက်နှာပြင် သိသိသာသာ ကျဆင်းသွားချိန်မှာ ထောက်ပံ့ရေးနည်းလမ်းတွေ ပျက်ကုန်တာပါ။
ခုတော့ ဒေသခံတွေဟာ သောက်သုံးရေအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ ပြည်နယ်အစိုးရကို မှီခိုအားထားနေကြရပါတယ်။
အမေဇုန်မြစ်ဝှမ်းက မြစ်တွေအားလုံး သမိုင်းဝင်အဆင့်အောက်ထိ ရေမျက်နှာပြင် ကျဆင်းသွားနိုင်တယ်လို့ ဘရာဇီး ဘူမိဗေဒဝန်ဆောင်မှု SGB က မကြာသေးမီ ရက်ပိုင်းအတွင်းက သတိပေးခဲ့ပါတယ်။
တောမီးတွေလောင်နေတဲ့ ဘရာဇီးမှာ ရေနည်းပါးမှုကြောင့် ဘရာဇီးနိုင်ငံရဲ့ နံပါတ်တစ် ဆန်စပါးစိုက်ပျိုးတဲ့ နေရာဖြစ်တဲ့ မာတို ဂရော့ဇိုလို အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ ပဲပိစပ်နဲ့ ပြောင်းတင်ပို့မှုတွေပါ ထိခိုက်စေခဲ့ပါတယ်။
Source-Reuters