Home
အားကစား
ဘရာဇီးတိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့် ၂ လခန့် ထပ်မံအနားယူရမည်
DVB
·
September 9, 2024
Photo - Reuters

ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဒဏ်ရာအခြေအနေ သက်သာလာခြင်းမရှိခဲ့တာကြောင့် နောက်ထပ် ၂ လလောက် ထပ်မံအနားယူရမယ်လို့ သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းမှာ ကစားနေတဲ့ နေမာဟာ  ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူခဲ့ရသူပါ။

ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဘောလုံးကစားနိုင်ဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် နောက်ထပ် ၂ လလောက် ဆက်လက် အနားယူရဖို့ ဖြစ်လာခဲ့တာပါ။

နေမာဟာ အမြင့်ခုန် လေ့ကျင့်မှုတွေမှာ မဝံ့မရဲဖြစ်နေသေးပြီး အားနည်းမှုတွေ ရှိနေသေးကြောင်း နေမာကို ကုသနေတဲ့ ဆရာဝန်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ပြင်သစ်ကလပ် PSG အသင်းကနေ ဆော်ဒီထိပ်သီး အယ်လ်ဟီလယ်အသင်းဆီကို ၂၀၂၃ ခုနှစ်က ပေါင် ၇၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၅ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024