
ရီးရဲလ်မက်ဒရစ်မှာ အံဝင်ဖို့ ကြိုးစားနေရတဲ့ အချိန်ကာလ ပြီးဆုံးသွားပြီလို့ တိုက်စစ်မှူး အမ်ဘာပေက ပြောပါတယ်။
အမ်ဘာပေဟာ ဖေဖော်ဝါရီ ၂၀ ရက်က ကစားသွားတဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟတ်ထရစ် ၃ ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မက်ဒရစ်အသင်းမှာ အံဝင်ဖို့ ကြိုးစားနေတဲ့ အချိန်ကာလ ပြီးဆုံးသွားပြီဖြစ်ပြီး မိမိရဲ့ အရည်အသွေးကို ပြသရမယ့်အချိန်ဖြစ်ကြောင်း ပွဲအပြီးမှာ အမ်ဘာပေက ပြောပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်ခဲ့တဲ့အပေါ် ကျေနပ်မိပြီး အောင်မြင်တဲ့ ဘောလုံးရာသီတခုအဖြစ် မှတ်တမ်းတင်သွားချင်ကြောင်း အမ်ဘာပေက ပြောသွားပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံးဘောလုံးရာသီမှာပဲ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၅ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။