
အပြောင်းအရွှေ့ ပိတ်သိမ်းသွားပေမဲ့ တိုက်စစ်မှူးတွေ ဒဏ်ရာရနေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတွေအတွက် အလွတ်ခေါ်ယူလို့ရတဲ့ တိုက်စစ်မှူး ၆ ယောက်ကို 90 minute သတင်းမှာ ဖော်ပြသွားပါတယ်။
အာဆင်နယ်မှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဟာဗက်ဇ်၊ ဂျေဆု၊ မာတင်နယ်လီနဲ့ ဆာကာတို့ ဒဏ်ရာရနေသလို ချဲလ်ဆီးမှာလည်း နီကိုလပ်ဂျက်ဆန် ဒဏ်ရာရသွားတဲ့အတွက် တိုက်စစ်မှူးခေါ်ယူဖို့ လိုအပ်နေတာပါ။
အပြောင်းအရွှေ့ ပိတ်သိမ်းသွားပေမဲ့ အလွတ်ခေါ်ယူနိုင်တဲ့ တိုက်စစ်မှူးတွေလည်း ရှိနေပါတယ်။
မိုနာကိုမှာကစားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘင်ရက်ဒါဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး မိုနာကိုနဲ့ ၂၀၁ ပွဲမှာ ၁၁၈ ဂိုးသွင်းခဲ့တဲ့ သူ့ကို ခေါ်ယူနိုင်ပါတယ်။
အလားတူ ဆယ်တာဗီဂိုမှာ ကစားခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး မက်ဆီဂိုမက်ဇ်၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း မာရီယန်နို ဒီယက်ဇ် တို့ဟာလည်း အလွတ်နဲ့ခေါ်ယူနိုင်တဲ့ ကစားသမားတွေပါ။
ဒါ့အပြင် ချဲလ်ဆီးနဲ့ တီကို တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာ၊ အာဆင်နယ် တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ လူးကပ်ပီရတ်ဇ်နဲ့ ကားလို့စ်ဗီလာ တို့ဟာလည်း အလွတ်နဲ့ ခေါ်ယူခွင့်ရှိတဲ့ အသင်းလက်မဲ့ ကစားသမားတွေဖြစ်ကြောင်း 90 minute သတင်းမှာ ဖော်ပြသွားပါတယ်။