
အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့ဆိုရင် တိုက်စစ်မှူးစစ်စစ် ခေါ်ယူဖို့လိုတယ်လို့ အသင်းဂန္ထဝင် ကစားသမားဟောင်း ရောဘတ်ပီရက်စ်က တိုက်တွန်းသွားပါတယ်။
အာဆင်နယ်မှာ တိုက်စစ်မှူး ဂျေဆုနဲ့ တောင်ပံကစားသမား ဆာကာတို့ ဒဏ်ရာရရှိနေပြီး ကိုင်ဟာဗက်ဇ်ရဲ့ ဂိုးသွင်းစွမ်းဆောင်ရည် အပေါ်မှာလည်း ဝေဖန်မှုတွေရှိလာတာပါ။
အာဆင်နယ်ရဲ့ ကစားသမားစာရင်းကို လေ့လာဆန်းစစ် ကြည့်မယ်ဆိုရင် တိုက်စစ်မှူးစစ်စစ် တယောက်လိုအပ်ကြောင်း၊ တချို့ပွဲစဉ်တွေမှာ အနိုင်ရရှိဖို့ အတွက်ဆိုရင် လီဗာပူးနဲ့ မန်စီးတီးအသင်းတွေ ပိုင်ဆိုင်ထားသလို တိုက်စစ်မှူးစစ်စစ်တယောက် လိုအပ်ကြောင်း ပီရက်စ်က တိုက်တွန်းသွားခဲ့တာပါ။
အာဆင်နယ်အတွက်ခေါ်ယူလိုတဲ့ တိုက်စစ်မှူးရှိလားလို မေးမြန်းရာမှာတော့ နာပိုလီတိုက်စစ်မှူး အိုဆီမန်ဖြစ်တယ်လို့ ပီရက်စ်က ပြောသွားပါတယ်။