
အာဆင်နယ်အသင်းဟာ ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်စ်ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
အာဆင်နယ်ဟာ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ တိုက်စစ်မှူးတယောက် ခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဝက်ကင်စ်ကို နံပါတ်တစ် ပစ်မှတ်အဖြစ် ကမ်းလှမ်းခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ ဗီလာနဲ့ ၃ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ သူဟာ အာဆင်နယ်အသင်းမှာ ကစားချင်တယ်လို့ ၂၀၂၀ ပြည့်နှစ်က ပြောခဲ့ဖူးပါတယ်။
အာဆင်နယ်အသင်းမှာ ကစားခွင့်ရဖို့က အိပ်မက်တခုဖြစ်ပြီး ဒါက ခရီးရှည်တခု ဖြစ်လိမ့်မယ်လို့ ဘရန့်ဖို့ဒ်အသင်းမှာ ကစားစဉ် ဝက်ကင်စ်က ပြောခဲ့ဖူးတာပါ။
အာဆင်နယ်အနေနဲ့ ဝက်ကင်စ်အတွက် ဒုတိယအကြိမ်ကမ်းလှမ်းဖို့ရှိပြီး ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းသွားဖို့လည်း စီစဉ်နေပါတယ်။