
လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ကြောင်း ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ပြောသွားပါတယ်။
စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၂၀ အထိ ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း ပလေးအော့ဖ်အဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ ကြိမ်ဆက် ရရှိဖို့ဆိုတာက အလွန်ခက်ခဲကြောင်း၊ အသင်းရှိ ကစားသမားတွေရဲ့ အသက်အရွယ်နဲ့ တခြားသောအကြောင်းအရာတွေကြောင့် လာမယ့်ရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်လာပြီဖြစ်ကြောင်း ဆေးလ်ဗားက ပြောပါတယ်။
မန်စီးတီးဟာ လာမယ့်ဘောလုံးရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒီဘရိုင်း အပါအဝင် စီနီယာ ကစားသမား အနည်းဆုံး ၇ ယောက်လောက်ကို အပြောင်းအလဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။