
အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွေအပြီးမှာ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့တာပါ။
အသင်းကြီးတွေထဲက မန်စီးတီးတသင်းသာ ကျန်ရှိတော့တာဖြစ်လို့ မန်စီးတီးအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။
မန်စီးတီးက လာမယ့် မတ် ၂၉ ရက်မှာ ဘုန်းမောက်အသင်းရဲ့ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
တခြား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ နော်တင်ဟမ်နဲ့ အစ်ဆွစ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဘရိုက်တန်တို့ တွေ့ဆုံမှာဖြစ်ပြီး ဖူဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်၊ ပရက်စ်တန်နဲ့ အက်စ်တန်ဗီလာတို့ တွေ့ဆုံမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရပြီးဖြစ်သလို ပရီးမီးယားလိဂ်ချန်ပီယံလည်း မဖြစ်နိုင်တော့တာကြောင့် အက်ဖ်အေဖလားက ဆုဖလားလက်မဲ့ မဖြစ်ရေးအတွက် တခုတည်းသောပြိုင်ပွဲ ဖြစ်လာပါတယ်။