Home
နိုင်ငံတကာ
တရုတ်တိုက်ခိုက်ရေးသင်္ဘော စီချွမ် အကြီးစား မောင်းသူမဲ့လေယာဉ်များကို လက်ခံထားရှိမည်
DVB
·
November 17, 2025
Photo: Zhang Liang/Xinhua

တရုတ်နိုင်ငံရဲ့ ပထမဆုံး Type 076 ကုန်း၊ ရေ နှစ်မျိုးသုံး တိုက်ခိုက်ရေးသင်္ဘော စီချွမ်ဟာ အနာဂတ်မှာ (UAV) မောင်းသူမဲ့လေယာဉ်တွေကို လက်ခံထားရှိမယ်လို့ စစ်ရေးကျွမ်းကျင်သူ တုဝမ်လောင်က ပြောပါတယ်။

စီချွမ်တိုက်ခိုက်ရေး သင်္ဘောဟာ နိုဝင်ဘာ ၁၄ ရက် မနက်က ရှန်ဟိုင်းမြို့ စစ်ဘက်ဆိပ်ကမ်းတခုမှာ သင်္ဘောရဲ့ စွမ်းအား၊ လျှပ်စစ်နဲ့ တခြားစနစ်တွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ တည်ငြိမ်မှုကို ပထမဆုံး ပင်လယ်စမ်းသပ်ချက် ဆောင်ရွက်ခဲ့ပါတယ်။

စီချွမ်ရဲ့ လက်ရှိစွမ်းဆောင်ရည်ထဲက လေယာဉ်တွေ ပျံဆင်းလာတာကို ဖမ်းယူခြင်းနဲ့ လေယာဉ်တွေကို လေထဲတွန်းလွှတ် ပင့်တင်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့တာလို့ တုဝမ်လောင်က ပြောပါတယ်။  

“ကျနော်တို့မြင်တွေ့ ပြီးသား မော်ဒယ်အမျိုးမျိုးအပါအဝင် UAV ကြီးတွေဟာ လာမယ့်ရက်တွေမှာ စီချွမ်သင်္ဘောပေါ်မှာ နေရာရနိုင်တယ်လို့ထင်ပါတယ်။” 

စီချွမ်သင်္ဘောပေါ်မှာ ထောက်လှမ်းရေးနဲ့ ကြိုတင်သတိပေး UAV တွေနဲ့ ကိုယ်ပျောက် တိုက်ခိုက်ရေး UAV တွေ အပါအဝင် UAV အမျိုးအစား အနည်းဆုံးနှစ်မျိုး ထားနိုင်တယ်လို့ ဆိုပါတယ်။ 

ကင်းထောက်နဲ့ ကြိုတင်သတိပေး UAV တွေဟာ ရေတပ်နဲ့ ပတ်ဝန်းကျင်က လေပိုင်နက်မှာ စောင့်ကြည့်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ပြီး၊ ကိုယ်ပျောက် တိုက်ခိုက်ရေး UAV တွေက ဝေဟင်ကနေ မြေပြင်၊ သင်္ဘောဖျက်လက်နက်တွေနဲ့ ဝေဟင်ကနေ ဝေဟင်ကို ပစ်ခတ်နိုင်တဲ့ လက်နက် အများကြီးကို သယ်ဆောင်နိုင်ပြီး ပင်လယ်ပြင်မှာ တိုက်ခိုက်ရေးဆိုင်ရာ စစ်ဆင်ရေး အများအပြားကို လုပ်ဆောင်နိုင်တယ်လို့ တုဝမ်လောင်က ပြောပါတယ်။ 

UAV စီးရီးအမျိုးမျိုးအပြင် မောင်းသူမဲ့နဲ့ မောင်းသူလိုက်ပါတဲ့ လေယာဉ်တွေ ရောနှော ပါဝင်တဲ့ အဖွဲ့တွေဟာ စီချွမ်သင်္ဘောမှာ လေယာဉ်တင်သင်္ဘော အခြေပြု လေကြောင်းစနစ်ရဲ့ တရုတ်မူကို ဖန်တီးပေးလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူလိုက်ပါတဲ့ တောင်ပံပုံသေ လေယာဉ်တွေ အားလုံးကို စီချွမ်သင်္ဘောကလည်း လွှတ်တင်နိုင်တယ်လို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013