
ရာထူးကနေ ဖယ်ရှားခံရတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာအတွက် တရားရုံးစီရင်ချက် မတိုင်မီ နိုဝင်ဘာ ၁၇ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်တွင်း စစ်ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ အပြင်ဘက်မှာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံတွေ ဝတ်ထားတဲ့ ရဲနဲ့ စစ်တပ်က အထူးတပ်ဖွဲ့ဝင်တွေကို မြို့တော်ဒါကာက အဆောက်အအုံ အပြင်ဘက်မှာ တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အပြင်းအထန် နှိမ်နင်းမှုအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အသက် ၇၈ နှစ်အရွယ် ဟာစီနာကို ဒါကာတရားရုံးက မျက်ကွယ်ပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်ထားပါတယ်။
သူက အမှားမလုပ်ထားဘူးလို့ ငြင်းဆိုပြီး အမှုဟာ နိုင်ငံရေးအရလှုံ့ဆော်မှု ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၅ ရက်အထိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်တာကြောင့် လူပေါင်း ၁,၄၀၀ အထိ သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတရပ်က ခန့်မှန်းထားပါတယ်။
ဒါဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှာ အဆိုးရွားဆုံး နိုင်ငံရေး အကြမ်းဖက်မှုပါ။
လူဦးရေ သန်း ၁၇၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး အဝတ်အထည် တင်ပို့သူတွေထဲက တနိုင်ငံဖြစ်ပြီး အဓိကကျတဲ့ တကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တွေကို ထောက်ပံ့ပေးပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆန္ဒပြမှုတွေကြောင့် အထည်ချုပ်လုပ်ငန်း အပြင်းအထန် ထိခိုက်ခဲ့ပါတယ်။
Source: Reuters


