
တိုက်စစ်မှူး အစ်ဆက်ခ်ဟာ ပွဲချိန်ပြည့်ကစားနိုင်တဲ့ ကြံ့ခိုင်မှု မရှိကြောင်း ဆွီဒင်နည်းပြက ပြောသွားပါတယ်။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ကစားခဲ့တဲ့ ဆွစ်ဇာလန် နဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲဆက်ခဲ့ပြီး အစ်ဆက်ခ်ကို ဒုတိယပိုင်းရောက်မှ လူစားလဲ ကစားစေခဲ့တာပါ။
အစ်ဆက်ခ်ဟာ ရာသီကြိုကာလမှာ ဘောလုံးနဲ့ထိတွေ့မှု အားနည်းခဲ့တာကြောင့် အကောင်းဆုံးကြံ့ခိုင်မှုပြန်ရဖို့ စိတ်ရှည်ရှည်ထားရမှာဖြစ်ပြီး ရာနူန်းပြည့် ကြံ့ခိုင်မှုမရှိသေးကြောင်း နည်းပြ သစ်ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ အစ်ဆက်ခ်ဟာ လီဗာပူးအသင်းမှာလည်း ပုံစံကောင်း ပြသနိုင်ခြင်းမရှိတာကြောင့် အရန်ခုံထိုင် နေရသူပါ။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၄ ပွဲရှုံး ၁ ပွဲ သရေကျခဲ့တာကြောင့် လက်ကျန်ပွဲစဉ် တပွဲကျန်သေးပေမဲ့ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့အသင်း ဖြစ်ပါတယ်။


