
လီဗာပူးတိုက်စစ်မှာ ပွဲထွက်ခွင့်ရဖို့အတွက် အစ်ဆက်ခ်နဲ့ ယှဉ်ပြိုင်ရတာက ကောင်းမွန်တဲ့အချက် ဖြစ်ကြောင်း တိုက်စစ်မှူး အစ်ကီတီကီက ပြောသွားပါတယ်။
အခုနှစ်နွေရာသီရာသီအပြောင်းအရွှေ့မှာ ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ လီဗာပူးနဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၅ ဂိုးသွင်းထားပါတယ်။
ပွဲထွက်ခွင့်အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အစ်ဆက်ခ်နဲ့ ယှဉ်ပြိုင်ရတာက ကောင်းမွန်တဲ့ အချက်ဖြစ်ပြီး ထိပ်တန်းအသင်းကြီးတသင်းမှာ တိုက်စစ်မှူးတယောက်သာ ရှိတဲ့ အသင်းလည်း မရှိကြောင်း အစ်ကီတီကီက ပြောပါတယ်။
မိမိအသက်အရွယ်အရလည်း ပိုမိုတိုးတက်ဖို့ လိုအပ်တဲ့အရာတွေရှိနေဆဲဖြစ်ပြီး အစ်ဆက်ခ်အသင်းဆီ ရောက်ရှိလာတာက မိမိအတွက် ကောင်းမွန်ကြောင်း အစ်ကီတီကီ က ပြောသွားပါတယ်။
ဒါ့အပြင် မိမိတို့ ၂ ယောက် အတူတွဲကစားရမယ်ဆိုရင်လည်း အဆင်ပြေပြီး နည်းပြဘက်က ဘယ်လို ဆုံးဖြတ်မလဲဆိုတာတော့ မသိရှိနိုင်ကြောင်း အစ်ကီတီကီက ပြောသွားပါတယ်။
Photo: Reuters




