
ဆောက်သမ်တန်နဲ့ လိဂ်ဖလားပွဲစဉ်မှာ မလိုအပ်ဘဲ အနီကတ်ပြခံရအောင် ပြုမူခဲ့တဲ့ တိုက်စစ်မှူး အစ်ကီတီကီအပေါ် နည်းပြ အာနဲစလော့က ဝေဖန်ခဲ့ပါတယ်။
အစ်ကီတီကီဟာ ဒုတိယပိုင်းရောက်မှာ အီဆက်ခ်နဲ့ လူစားလဲ ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ပွဲချိန် ၅၇ မိနစ်မှာ အဝါကတ် ပြခံခဲ့ရသလို ပွဲချိန် ၈၅ မိနစ်မှာ အနိုင်ဂိုးသွင်းယူချိန်မှာလည်း အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့လို့ နောက်ထပ် အဝါကတ်ပြခံရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
အစ်ကီတီကီအနေနဲ့ အဆိုပါအနီကတ် ပြစ်ဒဏ်ကြောင့် ခရစ္စတယ်ပဲလေ့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်လို့ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။
အစ်ကီတီကီရဲ့ လုပ်ရပ်က မိုက်မဲပြီး မလိုအပ်တဲ့ အပြုအမူဖြစ်ကြောင်း နည်းပြ စလော့က ပွဲအပြီးမှာ ဝေဖန်ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters




