
ကားတိုက်ခံရလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပရိသတ်တွေကို စာနာတဲ့အနေနဲ့ အကောင်းဆုံးဆု ပေးပွဲတက်မယ့် အစီအစဉ်ကို လီဗာပူး နည်းပြ စလော့က ဖျက်သိမ်းခဲ့ပါတယ်။
တနင်္လာနေ့က လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အောင်ပွဲခံမှုအတွင်း ပရိသတ်အုပ်ထဲကို ကားတစီးက ဝင်ရောက်ပြီး တိုက်ခဲ့တာပါ။
အဲဒီဖြစ်ရပ်ကြောင့် လီဗာပူးပရိသတ် ၆၅ ယောက် ဒဏ်ရာရခဲ့ပြီး အရေးပေါ် ဆေးရုံတင်ပို့ခဲ့ရတာပါ။
လီာပူးနည်းပြစလော့ဟာ ပရီမီးယားလိဂ်ရဲ့တနှစ်တာ အကောင်းဆုံး နည်းပြဆုရခဲ့သလို လိဂ်မန်နေဂျာများအစည်းအရုံးကချီးမြှင့်တဲ့ အကောင်းဆုံးနည်းပြဆုကိုလည်း ရယူနိုင်ခဲ့တာပါ။
အဲဒီဆုတွေကို လက်ခံရယူသွားဖို့ရှိပေမဲ့ ပရိသတ်တွေ ကားတိုက်ခံရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်မှာ ဆုပေးပွဲမတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါက ပရိသတ်တွေနဲ့ တသားတည်းရှိတယ်ဆိုတာကိုပြသတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။