
တိုက်စစ်မှူး အစ်ဆက်ခ်ဘက်က အသင်းကနေ ထွက်ခွာဖို့ သပိတ်မှောက် တောင်းဆိုခဲ့လို့ ဆက်ဆံရေးပျက်ပြားသွားခဲ့ကြောင်း နယူးကာဆယ်နည်းပြအက်ဒီဟောင်းက ပြောပါတယ်။
အစ်ဆက်ခ်ဟာ လီဗာပူးအသင်းဆီပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြအက်ဒီဟောင်း က ကစားသမားဖြစ်သူရဲ့အခြေအနေကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလာခဲ့တာပါ။
အဲလက်စ်နဲ့ မိမိဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး သူနဲ့ အလုပ်တွဲလုပ်ရတာကိုလည်း နှစ်သက်ခဲ့ပြီး အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ခဲ့ကြောင်း နည်းပြဟောင်းက ပြောပါတယ်။
ဒါပေမဲ့ တခြားအသင်းတသင်းက ဝင်ရောက်လာချိန်မှာ ကစားသမားဘက်ကနေ သပိတ်မှောက် တောင်းဆိုခဲ့တာကြောင့် ဆက်ဆံရေးပျက်ပြယ်သွားခဲ့ကြောင်း နည်းပြအက်ဒီဟောင်းက ပြောသွားခဲ့ ပါတယ်။
Photo: Reuters