Home
အားကစား
လူကာမိုဒရစ် ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ကစားခွင့်ရ
DVB
·
November 15, 2025
Photo: Luka Modrić F.B

ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲမှာ ခရိုအေးရှားအသင်းက ဖာရိုးကျွန်းစုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတဲ့အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်သွားပြီဖြစ်ပါတယ်။ 

ဒါကြောင့် ခရိုအေးရှားအသင်းရဲ့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ သူ့ရဲ့ ကစားသမား ဘဝသက်တမ်းမှာ ၅ ကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။ 

ခြေစွမ်းပြနေဆဲဖြစ်တဲ့ အသက် ၄၀ အရွယ် အေစီမီလန်ကွင်းလယ်လူဟာ ခရိုအေးရှား နိုင်ငံအသင်းအတွက် ၁၉၂ ပွဲကစားပြီး ၂၈ ဂိုး သွင်းယူထားပါတယ်။ 

သူဟာ နိုင်ငံအသင်းနဲ့အတူ ၂၀၀၆၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတွေ ကစားထားပြီး လာမယ့် ၂၀၂၆မှာ သူ့ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားပွဲကို ကစားတော့မှာပါ။ 

သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုရခဲ့သူဖြစ်ပြီး အဲဒီနှစ်မှာပဲ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု Ballon d’Or ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013