
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ဟာ အနောက်ကမ္ဘာခြမ်းရှိ “မူးယစ်အကြမ်းဖက်သမားတွေ” ကို ပစ်မှတ်ထားမယ့် Southern Spear အမည်ရှိ အမေရိကန် စစ်ရေးစစ်ဆင်ရေးတခုကို နိုဝင်ဘာ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။
“အော်ပရေးရှင်း ဆပ်သန်း စပီးယားကို သမ္မတ ထရမ့်ပ်က အရေးယူ ဆောင်ရွက်ဖို့ အမိန့်ပေးခဲ့ပြီး စစ်ပွဲဌာနက အကောင်အထည် ဖော်နေပါပြီ” လို့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ် က X မှာ ပို့စ်တင်ခဲ့ပါတယ်။
“Southern Spear ပူးတွဲစစ်ဆင်ရေးအဖွဲ့နဲ့ တောင်ပိုင်းစစ်ဌာနချုပ်တို့က ဦးဆောင်တဲ့ ဒီမစ်ရှင်ဟာ ကျွန်ုပ်တို့ရဲ့ မွေးရပ်မြေကို ကာကွယ်ဖို့၊ ကျွန်ုပ်တို့ရဲ့ ကမ္ဘာခြမ်းကနေ မူးယစ်ဆေးဝါး အကြမ်းဖက်သမားတွေကို ဖယ်ရှားဖို့၊ ကျွန်ုပ်တို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မူးယစ်ဆေးဝါးတွေကနေ ကျွန်ုပ်တို့ရဲ့ မွေးရပ်မြေကို လုံခြုံအောင် လုပ်ဆောင်ဖို့ပါပဲ” လို့ ဟဂ်ဆီသ် က X မှာ တင်ထားတဲ့ ပို့စ်တခုမှာ ပြောကြားခဲ့ပါတယ်။
“အနောက်ကမ္ဘာခြမ်းဟာ အမေရိကရဲ့ အိမ်နီးချင်းလည်းဖြစ်ပြီး ဒါကိုလည်း ကျွန်ုပ်တို့ ကာကွယ်မှာပါ” လို့ ဆိုပါတယ်။
အမေရိကန် တောင်ပိုင်းကွပ်ကဲမှုဌာန (SOUTHCOM) ဟာ တောင်ပိုင်းနဲ့ အလယ်ပိုင်း အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေ တလျှောက် နိုင်ငံပေါင်း ၃၁ နိုင်ငံကို လွှမ်းခြုံထားတဲ့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်ရေးကွပ်ကဲမှုဌာန ဖြစ်ပါတယ်။
Source: Reuters


