
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မြေးမလေး ကိုင်ထရမ့်ဟာ နိုဝင်ဘာ ၁၃ ရက်က LPGA ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပထမဆုံး ယှဉ်ပြိုင်ကစားခဲ့ပြီး အဲဒီနေ့အတွက် အမှတ်အများဆုံး ရခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်မှာ ကျင်းပတဲ့ LPGA ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အရွယ် ကိုင်ထရမ့်ပ်ဟာ ပထမဆုံး ယှဉ်ပြိုင်တဲ့နေ့မှာ လက်စွမ်းပြနိုင်ခဲ့တာပါ။
ကိုင်ထရမ့်ပ်ဟာ ဒီနှစ်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ၃ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး အမေရိကန် အငယ်တန်း ဂေါက်သီးရိုက်အဖွဲ့ရဲ့ အဆင့်ရပ်တည်မှု အဆင့် ၄၆၁ နေရာမှာ ရပ်တည်နေပါတယ်။
ဒီပြိုင်ပွဲမှာ ကိုင်ထရမ့်ပ် ဝင်ရောက်ယှဉ်ပြိုင်တာက ဒီပြိုင်ပွဲကို လူငယ်ပရိသတ်တွေ စိတ်ဝင်စားမှု ပိုပြီးများနိုင်တယ်လို့ LPGA က ပြောပါတယ်။
ကိုင်ထရမ့်ပ်ဟာ ၂၀၂၅ အောက်တိုဘာ ၁၈ ရက်အထိ အချက်အလက်တွေအရ Youtube မှာ subscriber ၁ ဒသမ ၃ သန်းရှိပြီး TikTok မှာ follower ၃ ဒသမ ၄ သန်း ရှိကာ အင်စတာဂရမ်မှာ ၂ ဒသမ ၅ သန်းရှိတာ တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆိုရှယ်မီဒီယာမှာ ကျော်ကြားမှုတွေပြီးရင် ထရမ့်ပ်မိသားစုမှာ လူစိတ်ဝင်စားမှုခံရမယ့် အလားအလာကောင်းတဲ့သူအဖြစ် ကိုင်ထရမ့်ပ်ကို ထင်ကြေးပေးထားကြပါတယ်။
Source: Reuters


